၈၈ က ကျနော်တို့ ပြောခဲ့ကြတဲ့ ကောလဟာလများ (၂)

ကျနော်တို့ အဖေတွေက အဲဒီ ခေတ်အခါမှာ ပေါက်ပေါက်ရောက်ရောက် ရှိကြတဲ့ ‘လူကြီး’ တွေ ဆိုတာကို ပြောထားခဲ့ ပြီးပါပြီ။ ဒီအခါ စာဖတ်တဲ့သူ အချို့က ကျနော်တို့ အပြင်လူတွေ ဖက်က မြင်ကြသလို၊ ကျနော်တို့ရဲ့ အဖေတွေကို – အဖေကြီး ဦးနေဝင်းရဲ့ သားလေးတွေ လို့ မြင်ကြပါလိမ့်မယ်။

၈၈ က ကျနော်တို့ ပြောခဲ့ကြတဲ့ ကောလဟာလများ (၁)

အဲဒီ အချိန်က မြန်မာနိုင်ငံသား တစ်ယောက်ဟာ နိုင်ငံခြားမှာ ကျောင်းသွားတက်ခွင့် မရှိပါဖူး။ ဒီတော့ ပါ့စ်ပို့ လျှောက်တဲ့ အခါမှာ အလုပ်သွားလုပ်ဖို့ ဆိုပြီး ‘ညာ’ လျှောက်ရပါတယ် (ဦးနေဝင်းခေတ်မှာ မညာရင် အရာရှိကြီးတွေကိုယ်တိုင် ဘယ်သူမှ ဘာမှ လုပ်လို့ မရကြပါဖူး၊ ဒါ့ကြောင့် ဇာဂနာ က အဲဒီခေတ်မှာ လွှတ်တော် ဝန်ကြီးတွေ ခေါင်းပေါင်းစ ဘယ်ချသလား၊ ညာချသလား ဆိုတဲ့ ပျက်လုံးနဲ့ နာမယ်ကြီးခဲ့ပါတယ်)။

မကြွားမိအောင် အတော်သတိထား နေရတယ်

ဒီလိုဆိုတော့ မိမိတို့ မြန်မာလူမျိုးတွေ အတွက်မှာတော့ ဟန်မကျဖူးပေါ့၊ မိမိတို့မှာက ရွှေတစ်ကျပ်သား ဝတ်နိုင်တာကိုပင် နှစ်ကျပ်သား အရွယ်ဖြစ်အောင် လုပ်နိုင်တဲ့ ပန်းတိမ်ဆိုင် ရှာနေကြရတာ မဟုတ်လား? မရှိ၊ ရှိတာကို အတင်း ဖြဲပြနေကြရတာ မဟုတ်ပါလား?

အပျိုစင် တန်ဖိုး

အနောက်တိုင်းသား ယောက်ျား အများစုရဲ့ အမြင်နဲ့ လက်ခံတာကတော့ – အတွေ့ အကြုံ မရှိသေးတဲ့ အပျို စင်စစ် မိန်းကလေး တစ်ယောက်နဲ့ လက်ထပ်ယူ ပေါင်းသင်းဖို့ဆိုတာဟာ သူတို့အတွက် အင်မတန် ကြောက်စရာ အကောင်းဆုံး အတွေ့အကြုံ ဖြစ်လိမ့်မယ် လို့ ဆိုကြပါတယ်။

သြစတေးလျှရဲ့ ပညာရေးကို မျှော်မှန်းမယ် ဆိုရင်…

မြန်မာပြည် အတန်းကျောင်း တက်ခဲ့စဉ်က စတုတ္ထတန်းမှာ မိဘကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ် စတဲ့ ကျင့်ဝတ်များကို ကဗျာစပ်ဆိုထားတဲ့ ကဗျာများ အလွတ်ကျက်မှတ်ခဲ့ရတာက လွဲပြီး၊ ဒီ့ပြင် လူ့ကျင့်ဝတ်နဲ့ ပတ်သက်လို့ တက္ကသိုလ် ပထမနှစ်ရောက်တဲ့ အထိ မယ်မယ်ရရ ဘာမှ မှတ်သားခဲ့ရတာ မရှိပါဖူး။

လူသားပြတိုက်

အဲဒီ အထဲမှာ ထူးခြားတာကတော့ – မြန်မာပြည်က စစ်ဘေးဒဏ်ကြောင့် ရှောင်ပြေးလာကြရတဲ့ ဒုက္ခသည် ကရမ်း လူမျိုးများ ထားတဲ့ ကရမ်းရွာဟာ လူများကို တိရိစ္ဆာန်များလို ခြံဝန်းခတ်ပြီး ပြတဲ့ နေရာ တစ်ခုပါဘဲ။ တနေကုန် လည်ပတ်အပြီး နောက်ဆုံး ကရမ်းရွာကို ရောက်ခဲ့တဲ့ အခါမှာ- အခြား တိရိစ္ဆာန် ရွာများ ဝင်သလိုပင် ဝင်ကြေးပေးရပါတယ်။

ယောက်ျား၊ မိန်းမ သဘာဝ – အင်္ဂလိပ်စကားပုံ

မိန်းမ အများစုသည် ကလေး ပေါက်စလေး များလိုပင် မဟုတ်ပါဖူး – မလုပ်ပါဖူး ဟု ပြောခြင်းကို နှစ်သက် တတ်ကြသည်။ ယောက်ျား အများစုကလည်း အရူး များလိုပင် ထိုစကား ကို အဟုတ် အမှန် ထင်တတ်ကြသည်။

ရွှေဘခေတ် မကုန်သေး

ပရိတ်သတ်က ရုပ်ရုပ်သဲသဲ ဖြစ်လာတာနဲ့ ရုပ်ရှင် စက်ဆရာ က နောက်ကနေ – လော် စပီကာနဲ့ ဒီလို အော်ရတယ်တဲ့…. “ပရိတ်သတ်ကြီးခင်ဗျား – ဒါဟာ ဇာတ်ကား အစပိုင်း မို့လို့ ရွှေဘဟာ ခံရတာပါ- နောက်ပိုင်းမှာပေါ့ ရွှေဘနိုင်ပြီး ဒီလူဆိုးတွေကို ကောင်းကောင်း ပြန်ချမှာပါ၊ သည်းခံပြီး စောင့်ကြည့်ကြပါ” – ဆိုမှ ပရိတ်သတ်လဲ ငြိမ်သွားတယ်။ ဒီအကြောင်းကို ဘကြီးက ပြောပြတဲ့ အခါ ကျနော်နဲ့ နားထောင်ကြသူတွေဟာ တဝါးဝါး ရီဖြစ်ကြတယ်။

အမှားနဲ့ စ လာရခြင်း တစ်ခု

တလျှောက်လုံး မြန်မာပြည်မှာ မှားသင်လာခဲ့ရတဲ့ အင်္ဂလိပ်စာနဲ့ စခန်းသွား နေခဲ့တုန်း အခါ၊ အင်္ဂလိပ်စာဟာ ပထမ ဘာသာစကား မဟုတ်တဲ့ တိုင်းပြည်များမှာတော့ အင်မတန် ဟုတ်နေသလိုပါဘဲ။ တကယ်တန်း အင်္ဂလိပ်စာဟာ သူတို့ရဲ့ ပထမ ဘာသာစကား ဖြစ်တဲ့ နေရာရောက်ပြီး၊ ဒီလို သူတွေနဲ့ ပြောဆို ဆက်ဆံတဲ့ အခါကြတော့မှာသာ တော်တော် မဟုတ်သေးဖူးပါလား လို့ ကိုယ့်ကိုယ်ကို ဆင်ခြင်မိတော့ပါတယ်။

စစ်ဒနီမြို့ သတင်းကျွတ် ပွဲခင်းမှာ-

ပွဲမှာ အာရှက အစားအသောက် အစုံအလင် – အထူးသဖြင့် ခေါက်ဆွဲမျိုးစုံတို့ကို တစ်မျိုးမှ မလှစ်ကျန်စေရအောင် ထည့်သွင်း ရောင်းချနေတယ်လို့လဲ ဆိုပါတယ်။ ဒါနဲ့ တစ်ခါက မြန်မာအစားအစာ ဆိုပြီး ရှမ်းခေါက်ဆွဲကို လိုက်ကျွေးလို့ စားဖူးသူက မြန်မာ ခေါက်ဆွဲဆိုင်ကို ရှာရအောင်လို့ ဆိုလာခဲ့ပါတယ်။