ထိုင်း ကချေသည် (အပိုင်း-၅၉)

[ရော်ဂျာ – အမေရိကန် နိုင်ငံသား]

ပီတာ ရဲ့ သတင်းကြားရတာ မယုံနိုင်လောက်အောင်ပါဘဲ၊ ဘန်ကောက်ရဲ့ ကားလမ်းတွေ ဘယ်လောက် ဆိုးတယ်၊ ဆိုင်ကယ် တက္ကဆီတွေ ဘယ်လောက် အန္တရာယ်များတယ် ဆိုတာလဲ ငါ သတိထားမိတယ်၊ ဒါပေမဲ့ ငါ့ အသိ တစ်ယောက်ယောက် ထဲက ဒီလို မတော်တဆ ဖြစ်ရလိမ့်မယ်လို့ မထင်ခဲ့မိဖူး။ ပီတာ ဘာမှ နာကျင်ခံစားသွားရမယ်တော့ မထင်ပါဖူး။ ‘အို’ ပြောတဲ့ အရဆိုရင် – ဒါတွေအားလုံးက စက္ကန့်ပိုင်း အတွင်းမှာ ဖြစ်သွားပြီး၊ ပီတာတောင် သူ့ကိုယ်သူ ဘာနဲ့ တိုက်မိတယ် သိလိုက်မှာ မဟုတ်ဖူး။

ဘိလပ်မြေသယ်တဲ့ ထရပ်ကားလို့ ‘အို’ ပြောတာဘဲ…၊ ကားသမားက အယ်လ်ဖာတမင်း သုံးစွဲထားတယ်တဲ့၊ မီးနီကို ဖြတ်ပြီး ပီတာရဲ့ ဆိုင်ကယ်ကို တိုက်မိတာတဲ့၊ ‘ပို’ ကတော့ သတင်းကြားပြီးပြီးချင်း ချုံးပွဲချ ငိုလိုက်တာ – အခုထက်ထိ မအိပ်နိုင်၊ မစားနိုင်၊ တချိန်လုံး ငိုနေတယ်လို့ ပြောတယ်။ သူတို့ တမိသားစုလုံး ‘ပို’ ကို ဂရုစိုက်ပြီး သူ့အနားမှာ နေကြတယ်တဲ့…၊ ‘ပို’ က ပီတာ မရှိဘဲ သူ့ဘဝကို သူ တစ်ယောက်ထဲ ဘယ်လိုမှ ဆက်လို့ မရတော့ဖူး ပြောတာကြောင့်၊ သူ့ကိုယ်သူ သတ်သေမှာကို စိုးရိမ် နေကြတယ်လို့လဲ ပြောတယ်။ ပီတာရဲ့ အသုဘကို ငါ သွားဖို့ လုပ်ပေမဲ့၊ သူ့ကို မီးသဂြိုလ် လိုက်ပြီး၊ အရိုးပြာကို သြစတေးလျှ ပြန်ပို့လိုက်ပြီ ပြောတယ်။ ပီတာ ကို ရင်ခွဲ စစ်ဆေးတာ၊ အခြားစုံစမ်းတာတွေ ဘာမှ မလုပ်ဖူးလဲ သိရတယ်။ ဒါပေမဲ့ ကားသမားကတော့ လူသေမှုနဲ့ တရားစွဲခံရလိမ့်မယ် လို့ ‘အို’ က ပြောတယ်။

နောက်လ ဆိုရင် ‘အို’ လဲ ဗီဇာကျပြီမို့လို့ အမေရိကားကို ရောက်လာတော့မယ်၊ ‘ပို’ ကိုပါ တပါတည်း ခေါ်ခဲ့ဖို့နဲ့ သူ့အတွက် ဗီဇာကို ဒီကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပို့ပေးပြီး လျှောက်ခိုင်းလိုက်ပြီ။ သူတို့ နှစ်ယောက်လုံး အတွက် အင်္ဂလိပ်စာ သင်တန်းကျောင်းနဲ့ အလုပ်သင် သင်တန်း ဝင်ခွင့်ရထားပြီးပြီမို့လို့ ‘ပို’ အတွက် ဗီဇာ အခက်အခဲမရှိဘဲ၊ သူတို့ ညီအမ နှစ်ယောက် အတူတူ ရောက်လာကြဖို့ သေချာတယ်။ သူတို့ အတွက် ဒီမှာ ဘဝ အသစ်ဖြစ်ပြီး၊ အထူးသဖြင့် ‘ပို’ အတွက် ပီတာနဲ့ ပတ်သက်လို့ ဖြစ်ခဲ့သမျှတွေ အတွက် မေ့မေ့ပျောက်ပျောက် ဖြစ်နိုင်လိမ့်မယ်။

ငါလဲ မကြာခင် စားသောက်ဆိုင် တစ်ခု လမ်းထိပ်မှာ ဖွင့်ဖို့ စီစဉ်ထားပြီးပြီ၊ စားပွဲခုံ တစ်ဒါဇင် လောက်တော့ ချထားနိုင်မယ်၊ မီးဖိုချောင်ကလဲ အဆင်သင့် ဖြစ်နေပြီ ဆိုတော့ – ထိုင်းအစားအစာ ချက်ပြုတ်ရောင်းမယ်ဆို တစ်လကို ဒေါ်လာ နှစ်သောင်းလောက် တန်းဝင်မယ် ထင်တာဘဲ။ ‘အို’ ကိုလဲ စားသောက်ဆိုင်ခန်း ပြင်ဆင်ထားတဲ့ ဓါတ်ပုံတွေ ပို့ပေးထားပြီး သူ့ကို ထိုင်း ထမင်းဟင်း ချက်ပြုတ်တာတွေ လေ့လာခဲ့ ဖို့ မှာထားတယ်၊ သူကတော့ အင်မတန် စိတ်လှုပ်ရှားနေပြီး၊ သူ့အကို ဘတ်သ်က ဆိုင်အတွက် ထမင်းဟင်း ကောင်းကောင်း နိုင်နိုင် ချက်ပြုတ်နိုင်တယ် ပြောတယ်။ စားသောက်ဆိုင် အတွက် ‘အို’ ရောက်လာလို့ ပြင်ဆင်ပြီး အဆင်သင့် ဖြစ်ရင် ဘတ်သ်ကို အချက်အပြုတ် စာဖိုမှူး လုပ်ဖို့ ခေါ်လိုက်မယ်။

ဒီမှာဆိုရင် ‘အို’ ကို ဘန်ကောက်က အကျင့်ဆိုးတွေ၊ အရက်ဘားဆိုင်တွေက အကျင့်စရိုက်တွေ ပြုပြင်ပြီး၊ ပုံမှန် မိန်းကလေး တစ်ယောက် အနေနဲ့ အသားကျ နေနိုင်အောင် ပြင်ဆင်ပေးရမယ်။ ငါလဲ သူ့ကို အချိန်မရွေး ဘာလုပ်နေတယ်၊ ဘယ်မှာ ရှိတယ် ဆိုတာကို သိနိုင်မယ်။ အခုအချိန်မှာ – ငါ သူ့ကို ချစ်သလို၊ သူ ငါ့ကို ချစ်တယ် ဆိုတာကိုတော့ ရာနှုံးပြည့် မပြောချင်သေးပါဖူး၊ ဒါပေမဲ့ ဒီကို ရောက်တဲ့ အခါ အလုပ်အကိုင်နဲ့၊ ကိုယ့်အိမ် ကိုယ့်ယာနဲ့ နေရင်းမှာတော့ ငါ့အပေါ် သူချစ်တာတွေ ပိုပို လာမယ်လို့ ထင်တယ်။ နောက်ပြီး သူ့အကို ဘတ်သ်ရယ်၊ သူ့ညီမ ‘ပို’ တို့နဲ့ပါ အတူ နေရမယ် ဆိုတော့ ငါတို့ဟာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု တစ်ခု ဖြစ်သွားတော့မယ်။


[ထွန်းထွန်း – မြန်မာ ကျောက်မျက်ဆိုင် ပိုင်ရှင်]

ဗုဒ္ဓ တရားတော် အတိုင်း ကိုယ်ပြုသမျှကံ ကိုယ့်ထံ ပြန်လာတာဘဲ မဟုတ်ဖူးလား? ငါ ဘယ်တော့ကမှ ပီတာ ရဲ့ ‘ပို’ အပေါ် ဆက်ဆံတာကို ဘဝင်မကျခဲ့တာ အမှန်ဘဲ။ ‘ပို’ ကို ပီတာ ဆက်ဆံတဲ့ အပေါ် ငါ့ အမြင်ကတော့ – ‘ပို’ ကို မီးကွင်းထဲ ဆပ်ကပ်ထဲက တိရိစ္ဆာန် တစ်ကောင်လို ခုန်ဝင်ခိုင်းဖို့ ကြိုးစားနေသလိုဘဲ။ ပထမ အစကတည်းက ‘ပို’ ကို တကယ် ချစ်မြတ်နိုးတယ် ဆိုရင် သူနဲ့ အတူ လက်ထပ် ပေါင်းသင်းနေဖို့ လုပ်သင့်တယ်၊ ဒါမှ မဟုတ်တောင် သူ့အနားမှာ ခေါ်ထားပြီး ဂရုတစိုက် ထားသင့်တယ်လို့ ငါထင်တယ်။ ဒါဆိုရင် အခုလိုတွေ ဘာမှ မဖြစ်လာဘဲ၊ သူတို့ နှစ်ယောက် ဘဝ အစဉ်ပြေ သာယာ နိုင်လိမ့်မယ်။ ငါထင်တာ မှားချင်လဲ မှားမှာပါ…၊ ဘာဘဲ ဖြစ်ဖြစ် ကံစီမံရာပေါ့။ ဒါနဲ့… ပီတာရဲ့ အသုဘ လိုက်ပို့တဲ့ နေ့မှာ ဝတ်ဖို့ ကုတ်အင်္ကျီ ထုတ်လိုက်တဲ့ အခါ အဲဒီ အင်္ကျီအိတ်ထဲက ငါ ပျောက်သွားတယ် ဆိုတဲ့ နာရီကို ပြန်တွေ့တယ်။ အဲဒီတုန်းက ခရီးမထွက်ခင် နာရီကို မှန်တင်ခုံပေါ်ကနေ ဘီဒိုထဲက ကုတ်အင်္ကျီ အိတ်ထဲကို ထည့်သိမ်းခဲ့လိုက်တာ အမှတ်မရဖူး ဖြစ်သွားတယ်။ လိပ်စာကဒ်တွေကတော့ အခုထက်ထိ မတွေ့တော့ဖူး၊ ရှာတွေ့မယ်လို့လဲ မထင်တော့ပါဖူး။


[ဂျင်မီ – အင်္ဂလိပ် လူမျိုး]

အတီးဆိုင်က အဖွဲ့သားတွေ အားလုံး ပီတာရဲ့ အသုဘ လိုက်ပို့ကြတယ်။ အသုဘ လိုက်ပို့ကြပြီး အားလုံး အတီးဆိုင် ပြန်ရောက်လာတဲ့ အခါ အရက်သောက်ပွဲ ဖြစ်သွားတယ်။ ပီတာက သူ့ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံး ‘ပို’ အတွက် ထားခဲ့တယ် ဆိုတဲ့ ကောလဟလ ဖြစ်နေတယ်၊ တကယ် ဟုတ်မဟုတ်တော့ မသိဖူး။

နောက်တပတ်လောက် နေတဲ့ အခါ ပရက်တီးလေဒီ အရက်ဘားကို ငါ သွားခဲ့တယ်။ ပီတာ ရှိတဲ့ တလျှောက် စင်ပေါ်မှာ မတွေ့ရတာ ကြာနေပြီ ဖြစ်တဲ့ ‘ပို’ ကို၊ ကိုယ်တုံးလုံးချွတ်ပြီး က, နေတာ တွေ့လိုက်ရတယ်၊ အခုမှ ကချေသည်ဟာ ကချေသည် အလုပ်ကို ပြန်လုပ်နေရပြီ။

‘ပို’ နဲ့ ရုပ်ခပ်ဆင်ဆင် တစ်ယောက်ကိုလဲ ‘ပို’ ရဲ့ ဘေးနားမှာ က, နေတာ တွေ့လိုက်တယ်၊ အဲဒီ တစ်ယောက်က ‘ပို’ ရဲ့ ညီမ ဒါလ် ဆိုတာ နောက်မှ သိရတယ်။ သူတို့ နှစ်ယောက်လုံးကို အပြင်ကြေးပေးပြီး ငါနဲ့ လိုက်အိပ်ဖို့ ခေါ်ခဲ့လိုက်တယ်။

ငါ့ အခန်းထဲ ရောက်တဲ့ အခါ သူတို့ နှစ်ယောက် ဟန်ချက်ညီညီ ငါနဲ့ ဆက်ဆံတာကို တွေ့တော့ သူတို့ အရင်ကလဲ နှစ်ယောက်ပေါင်းပြီး ဧည့်သည်နဲ့ ညအိပ်လိုက်ဖူးတယ် ဆိုတာ ထင်ရှားတယ်။ နောက်တော့ သူတို့ နှစ်ယောက်ကို အချင်းချင်း ဆက်ဆံတာ လုပ်ပြဖို့ ပြောပြီး ငါ ထိုင်ကြည့်သေးတယ်။ ဒါလ် က တော်တော် တဏှာကြီးတာ သိသာတယ်၊ ‘ပို’ ကတော့ စိတ်ကြွလာအောင် လုပ်တတ်တယ်။ ငါလဲ စိတ်ထပ်ပါလာပြီး ကွန်ဒုံး မစွပ်တော့ဘဲ နှစ်ယောက်စလုံးနဲ့ ထပ်ဆက်ဆံတယ်။ သူတို့က ပထမ ငါ့ကို ကွန်ဒုံး စွပ်ဖို့ ပြောပေမဲ့ သူတို့ ထိုင်းယောက်ျားတွေနဲ့လဲ ကွန်ဒုံး မစွပ်ဘဲ လုပ်ပြီးမှ ဘာမှ အပိုတွေ လုပ်မနေဖို့ ပြောပြီး၊ ခပ်ကြမ်းကြမ်းဘဲ ဆက်ဆံလိုက်တယ်။ ပြီးတဲ့ အခါမှာ တစ်ယောက်ကို တစ်ထောင် ဆီပေးပြီး မောင်းထုတ်လိုက်တယ်။

ဒါကို တမလွန် ဘဝကနေ ပီတာ မြင်ခဲ့ရင် အတော် ကျေနပ်လိမ့်မယ်လို့ ငါထင်တယ်။


[စာရေးသူ]

မှတ်မှတ်ရရ ဒီနေ့ညဟာ ၂၀၀၄ ခုနှစ် အကုန် ၂၀၀၅ ခုနှစ်ကို ပြောင်းမဲ့ နှစ်သစ်ကူးည တစ်ညဖြစ်တယ်။ နာနာပလာဇာက အရက်ဘားတွေဟာ လေမှုတ်ပူဖောင်းတွေ ချိတ်ဆွဲထားပြီး နှစ်သစ်ကူးချိန် ည ၁၂နာရီ ထိုးတဲ့ အခါ ဒီပူဖောင်းတွေကို ဖောက်ကြလိမ့်မယ်။ အရက်ဘားခန်းတွေ ထဲမှာ ကချေသည်တွေ က, နေကြပေမဲ့၊ အရက်ဘားခန်းတွေ အပြင်ဖက်က တန်းစီရှိနေတဲ့ အရက်ဘား ကောင်တာတွေမှာတော့ ဘောလုံးပွဲ တီဗွီဖွင့်ထားတယ်။ ဒီလို နှစ်သစ်ကူး ညတွေမှာ ဆိုရင် – အသိမိတ်ဆွေ သူငယ်ချင်းတွေ၊ လုပ်ဖော် ကိုင်ဖက်တွေနဲ့ စုရုံးပြီး စားသောက်တတ်ပေမဲ့ ဒီနှစ်မှာတော့ တစ်ယောက်ထဲ နာနာပလာဇာ ဖက်ကို ထွက်လာခဲ့တယ်။

ဘန်ကောက်မြို့ဟာ ငါ့အတွက် စိမ်းတဲ့ နေရာတစ်ခု မဟုတ်ပါဖူး၊ သြစတေးလျှကို ပြောင်းပြီး အချေချ မနေခင် မြန်မာပြည်က ထွက်လာကတည်းက ဘန်ကောက်မှာ ၇ နှစ်လောက် ကျောင်းတက် အလုပ်လုပ်ခဲ့ပြီး၊ အခုတခေါက် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခုအတွက် ပြန်ရောက်လာတာ ၃ နှစ်လောက် ရှိနေပြီ ဆိုတော့၊ ဘန်ကောက်မြို့ဟာ ကိုယ့်ရဲ့ ဒုတိယ မွေးရပ်မြေလိုတောင် ဖြစ်နေပါပြီ။ ဒါ့ကြောင့် ဘန်ကောက်က အရက်ဘားတွေ၊ ကချေသည်တွေ၊ အနှိပ်ခန်းတွေနဲ့ ထိုင်း အမျိုးသမီးတွေဟာ ငါ့အတွက် ဘာမှ အဆန်းတကျယ် မဟုတ်ပါဖူး။

ဒါပေမဲ့ မြွေတွေကြားမှာ နေတဲ့သူ မြွေပေါက်ခံရတတ်တယ် ဆိုသလို၊ ထိုင်းမှာ အနေကြာတဲ့ အခါ ထိုင်း အမျိုးသမီးတစ်ယောက်နဲ့တော့ ညိစွန်းဖြစ်ခဲ့တယ်။ သူ့နာမယ်က ‘ပို’ လို့ခေါ်တယ်၊ သူက ပုလိပ် အရာရှိကြီး တစ်ယောက်ရဲ့ အငယ်ဆုံး သမီးဖြစ်ပြီး၊ သူ့အမေမှာတော့ ကိုယ်ပိုင် စိန်လက်ဝတ်လက်စား အရောင်းဆိုင် တစ်ခုရှိတယ်။ သူက သူ့အမေဆိုင်မှာ အရောင်းစာရေး ဝင်လုပ်ရင်းမှာ ငါနဲ့ ဆုံဖြစ်ခဲ့ကြတာ ဖြစ်တယ်။ သူက အမေရိကားမှာ ကျောင်းတက်ခဲ့တော့ အင်္ဂလိပ်လို လည်လည်ဝယ်ဝယ် ပြောနိုင်တာကြောင့် သူ့ဆိုင်ကို လာတဲ့ နိုင်ငံခြားသား ဧည့်သည်ဆိုရင် သူကဘဲ ဧည့်ခံ စကားပြောရတယ်။ ဒါနဲ့ တိုတို ပြောရရင် နောက်ဆုံး သူ့ရဲ့ ငယ်ရွယ်နုပျိုပြီး ပြေပြစ်ချောမောတဲ့ အလှအပမှာ မူးမေ့ပြီး၊ သူနဲ့ငါ ချစ်ကြိုက်ခဲ့ကြတယ်။ ငါနဲ့ ချစ်ကြိုက်ခဲ့တဲ့ တလျှောက် – အဖေက ပုလိပ်အရာရှိကြီး၊ အမေက စိန်ဆိုင် ပိုင်ရှင်ဆိုပေမဲ့ သူ့မှာ အမြဲတမ်းဘဲ ငွေလိုနေတယ်။ ကိုယ်ပိုင် ကားဝယ်ထားတဲ့ အကြွေး ပေးဖို့ လိုတာနဲ့၊ အာမခံကြေး သွင်းဖို့လိုတာနဲ့၊ အကြောင်းအရာ အစုံအလင်နဲ့ ငွေလိုနေတယ်။ တဖက်မှာ သူ့ဆိုင်ကို လာတဲ့ နိုင်ငံခြားသား ဧည့်သည်တွေကို စကားပြောတဲ့ အခါ၊ စီးပွားရေး အရ ဆိုတဲ့ ဆင်ခြေနဲ့ ချွဲနွဲ့ ဆွဲဆောင်ပြောလေ့ ရှိပြီး၊ ညစာ အတူထွက်စားဖို့ ဖိတ်ရင်လဲ မငြင်းဘဲ လိုက်တတ်တယ်။ နောက်ဆုံးတော့ သူဟာ ကြေးကြီး ပြည့်တန်ဆာ တစ်ယောက် ဆိုတာကို သိလိုက်ရတယ်။ ဒီလို သိခဲ့ပေမဲ့ သူ့ရဲ့ လိမ်ညာ လှည့်လုံး ပတ်လုံးတွေ၊ သူ့ရဲ့ ဆွဲဆောင်ဖျားယောင်းမှုတွေကနေ ရုန်းမထွက်နိုင်ခဲ့ဘဲ သူ့ရဲ့ပိုက်ကွန်ထဲမှာဘဲ တော်တော်ကြာကြာ ညှိနေခဲ့တယ်။

ဒီနေ့တော့ ငါ နောက်ဆုံးရဲ့ နောက်ပိတ်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်ပြီ၊ ငါ ထိုင်းမှာ ဆက်နေသရွေ့ ဒီသံသရာက ရုန်းထွက်ဖို့ ငါလုပ်နိုင်မှာ မဟုတ်ဖူး ဆိုတာကို သဘောပေါက်လိုက်ပြီ။ ဒီမှာ အလုပ်က ဝင်ငွေ ကောင်းပေမဲ့လဲ၊ သူ့အတွက် ကုန်ကျစရိတ်တွေကို ငါမထိန်းနိုင်ဖြစ်နေတယ်၊ ဒါ့ကြောင့် ဘန်ကောက်မှာ ရှိတဲ့ အလုပ်ကို ဖြုတ်ပြီး၊ သြစတေးလျှ မှာဘဲ အလုပ်ပြန်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီလို ဆုံးဖြတ်ရတာ လွယ်လွယ်တော့ မဟုတ်ဖူး၊ ‘ပို’ ကို စွဲလန်းတဲ့ စိတ်က အင်မတန် ပြင်းပြင်းထန်ထန် ရှိနေသေးတယ်။ ဒါ့ကြောင့် ဒီညမှာ တစ်ယောက်ထဲ နာနာပလာဇာဖက်ကို ထွက်လာပြီး အပြင်က အရက်ဘား ကောင်တာ တစ်ခုမှာ ဝင်ထိုင်လိုက်တယ်။

ပထမ ဂျင်တောနစ် တစ်ခွက် သောက်နေတုန်းမှာဘဲ – စင်္ကာပူ မှာ အလုပ်လုပ်ပြီး ဘန်ကောက်ကို ရံဖန်ရံခါ ရောက်လာတတ်တဲ့ မိတ်ဆွေ အင်္ဂလိပ်လူမျိုး ဂျင်မီ ကို လှမ်းတွေ့လိုက်တယ်။ ဂျင်မီက ငါနဲ့ လာထိုင်ပြီး စကားပြောတဲ့ အခါ၊ သူ့ကို ငါ – ‘ပို’ နဲ့ အဆက်ဖြတ်ပြီး ဘန်ကောက်မှာလဲ အလုပ်တွေ ဖြုတ်လိုက်တော့မဲ့ အကြောင်းနဲ့ သြစတေးလျှကို ပြန်ဖို့ ပြင်ဆင်ထားပြီးတဲ့ အကြောင်း ပြောပြတယ်။ ဂျင်မီက ငါနဲ့ ‘ပို’ နဲ့ ရဲ့ အကြောင်းကို သိထားပြီးတဲ့ သူမို့လို့ ငါ့ရဲ့ ဆုံးဖြတ်ချက်ကို သူက ထောက်ခံပြီး၊ ဒါ အကောင်းဆုံး ဖြစ်လိမ့်မယ် ဆိုတဲ့ အကြောင်း ပြောတယ်။ သူကဆက်ပြီး – တိုက်တိုက်ဆိုင်ဆိုင် ဘန်ကောက်ကိုလာတဲ့ လေယာဉ်ပေါ်မှာ စတီဖင် ဆိုတဲ့ အင်္ဂလိပ် စာရေးဆရာ တစ်ယောက်နဲ့ တွေ့ခဲ့တဲ့ အကြောင်း၊ အဲဒီ စာရေးဆရာက ထိုင်းနိုင်ငံ ပြည့်တန်ဆာတွေရဲ့ အသေးစိတ်ကို သေသေချာချာ ရေးထားတဲ့ “Private Dancer” ဆိုတဲ့ ဝထ္ထုစာအုပ် ထိုင်းမှာ ပုံနှိပ်ပြီး ဖြန့်ဖို့ အတွက် လာခဲ့တာ ဖြစ်တဲ့ အကြောင်းနဲ့၊ အခုလောလောဆယ် အဲဒီ ဝထ္ထုစာမူကို အင်တာနက်မှာ အခမဲ့ ဖြန့်ဝေထားတဲ့ အကြောင်း ပြောပြတယ်။ ဒီမနက်မှာဘဲ အဲဒီ စာမူကို သူထုတ်ယူပြီး ဖတ်ကြည့်တာ ထိုင်းကို လာတဲ့ နိုင်ငံခြားသားတိုင်း ဖတ်သင့်တဲ့ ဝထ္ထုတစ်ပုဒ်လို့ သူထင်တဲ့ အတွက် ဆိုပြီး၊ သူ့အိတ်ထဲကနေ လျှောက်လွှာစာရွက်နဲ့ ပုံနှိပ် ထုတ်ထားတဲ့ စာမူ စာရွက် စုစုပေါင်း စာမျက်နှာ နှစ်ရာကျော်ကို ခေါက်ရက်သား ထုတ်လိုက်ပြီး ငါ့ကို ပေးခဲ့တယ်။ သူ ပေးပေးချင်း ဟိုလှန်၊ ဒီလှန် ကြည့်လိုက်ပေမဲ့ ဘာမှ မမြင်မဖတ်လိုက်ဖူး၊ စာဖတ်ချင်စိတ်လဲ မရှိခဲ့ဖူး။

၂၀၀၅ ခုနှစ် နောက်ပိုင်းမှာ ဘန်ကောက်ကနေ ပြန်လာခဲ့ပြီးနောက်ပိုင်း၊ ထိုင်းကို တနှစ်တစ်ခါ အလည်ရောက်ပေမဲ့ ‘ပို’ နဲ့လဲ အဆက်အသွယ်ပြတ်ပြီး၊ အတွေ့အကြုံရှိတဲ့ ဧည့်သည် တစ်ယောက်လိုဘဲ အပန်းဖြေ ပင်လယ်ကမ်းခြေဖက်၊ ဒါမှ မဟုတ် ချင်းမိုင် ဖက်တွေကိုဘဲ လည်ပတ်ခဲ့တယ်။ မနှစ်ကတော့ ပတ္တရာ ကမ်းခြေဖက်ကို သွားလည်ရင်း၊ ဘန်ကောက်မှာ စီးပွားရေး လုပ်ခဲ့တုန်းက သိခဲ့တဲ့ သြစတေးလျှ နိုင်ငံသား အဲလက်စ် နဲ့ ပြန်တွေ့တယ်။ အဲလက်စ်က ထိုင်းမှာ မိန်းမယူ ထားပြီး ပတ္တရာ ကမ်းခြေမှာ အိမ်ခန်း တစ်ခု ဝယ်ထားတယ်။ အခု သူ့အသက် ၅၀ ကျော်ပြီမို့လို့ သက်ကြီး ဗီဇာရပြီး၊ ထိုင်းမှာ နှစ်ရှည် နေလို့ရနေတယ်။ ဒါပေမဲ့ မကြာခင်ကဘဲ အစာအဆိပ်သင့်လို့  သြစတေးလျှကို အရေးပေါ် တစ်ခေါက် ပြန်ပြီး ဆေးရုံ တက်ရတဲ့ အကြောင်းပြောပြတယ်။ ဘယ်သူက သူ့ကို အစာ အဆိပ် ခတ်လိုက် သလဲ ဆိုတာတော့ မသိပေမဲ့၊ ကံကောင်းလို့ အသက်မသေဘဲ သူ့ကို ပြန်တွေ့ရတာလို့ ပြောတယ်။ ခေါင်းမာတဲ့ အဲလက်စ်ကတော့ ဘာဘဲဖြစ်ဖြစ် ထိုင်းမှာဘဲ အရိုးထုတ်တော့မယ်လို့ ပြောတယ်။

ထိုင်းနိုင်ငံဟာ ယောက်ျားတွေ အတွက် အပျော်အပါး အင်မတန် ပေါတဲ့ နိုင်ငံ ဖြစ်ပေမဲ့၊ ဒီအပျော်အပါးကြောင့် ဘဝပါ ပျက်စီးကုန်ကြတဲ့ အကြောင်းကို ဘန်ကောက်မှာ နေပြီး အရိုးရင့်နေတဲ့ မစ္စတာ ဝူး လို့ အင်္ဂလိပ် နာမည်ရှိပြီး၊ တရုတ်လို အတီး လို့ ခေါ်တဲ့ မြန်မာပြည်ပေါက် တရုတ်အဖိုးကြီး တစ်ယောက်က ငါ့ကို ပြောဖူးတယ်။ ဒီအဖိုးကြီးကတော့ အမေရိကားမှာ သူ့မိန်းမနဲ့ ကလေးတွေကို ထားပြီး ဘန်ကောက်မှာ  ငွေလွဲလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းနဲ့ မြန်မာပြည်ဖက်မှာလဲ ခရီးသွားလုပ်ငန်းတွေ ထောင်ထားပြီး၊ သူတစ်ယောက်ထဲ တစ်ညကို မိန်းမ တစ်ယောက်ပြောင်း သောင်းကျန်းနေတယ်။ သူ့ဆီကနေ ထိုင်း အမျိုးသမီးတွေနဲ့ နိုင်ငံခြားသားတွေရဲ့ ဇာတ်လမ်းအစုံကို ကြားဖူးခဲ့တယ်။

မကြာသေးခင် တရက်မှာတော့ – လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်တုန်းက ဂျင်မီပေးထားခဲ့တဲ့ ဝထ္ထုစာမူ စာရွက်ခေါက် ထွက်လာတာနဲ့ အပျင်းပြေ ပြန်ဖတ်ကြည့်မိတယ်။ ပထမ စာမျက်နှာတွေကို သေသေချာချာ ဖတ်ရင်းနဲ့ ငါ့ အဖြစ်အပျက်တွေ၊ ငါ့ မိတ်ဆွေတွေရဲ့ အဖြစ်အပျက်တွေ၊ ငါ သိခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ အကြောင်းတွေကို စာရေးဆရာက သိပြီးများ ရေးထားသလားလို့ ထင်ရအောင် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတာကြောင့် ဝထ္ထုစာမူကို အဆုံးအထိ ဖတ်ဖြစ်လိုက်တယ်။

နောက်တော့ ခေါင်းထဲမှာ အတွေးတစ်ခု ဝင်လာတယ်၊ အခုနောက်ပိုင်း မြန်မာပြည်က မြန်မာလူမျိုးတွေ တော်တော်များများ ထိုင်းကို အလည်အပတ်သွားကြတယ်။ ဒါတွေကို မြန်မာလူမျိုးတွေ သိထားရအောင် ဒီ ဝထ္ထုကို ဘာသာပြန်ပြီး မြန်မာလို ပြန်ရေးကြည့်ရင် ကောင်းမယ်လို့ အကြံပေါ်ခဲ့တယ်။

ပထမတော့ ဝထ္ထုမှာ ပါတဲ့ အတိုင်း တိုက်ရိုက် ဘာသာပြန် ရေးမယ်လို့ စိတ်ကူးခဲ့ပေမဲ့၊ ဝထ္ထု အကြောင်းအရာတွေက ကိုယ့် အတွေ့အကြုံ၊ ကိုယ် သိခဲ့တဲ့ သူတွေရဲ့ အကြောင်းတွေနဲ့ တိုက်ဆိုင်နေတာကြောင့် ဇာတ်ကောင် ပီတာ နေရာမှာ ကိုယ်တိုင် ဝင်စားပြီး ရေးလိုက်တယ်။ အခြား ဇာတ်ကောင်တွေ နေရာမှာလဲ ကိုယ်နဲ့ ထိုင်းမှာ သိကျွမ်းခဲ့တဲ့ သူတွေကို အစားထိုး လိုက်တယ်။ ဇာတ်လမ်းမှာလဲ ကိုယ့်ရဲ့ တကယ့် အဖြစ်အပျက် အတွေ့အကြုံ နဲ့ ဗဟုသုတတွေကို ထည့်သွင်း ဖြည့်စွပ်လိုက်တယ်။ နောက်ဆုံး ဝထ္ထု အကြမ်း ရေးပြီးသွားတဲ့ အခါ၊ တပိုင်းစီကို စာပြန်စစ်ရင်း အင်တာနက်ပေါ် တင်ပြီး မြန်မာ စာဖတ်ပရိတ်သတ်ကို ဝေဌပေးခဲ့တယ်။


စာဖတ်သူများအား ကျေးဇူးတင်ရှိခြင်း

မိမိ အနေနဲ့ ပထမဆုံး ရေးသားတဲ့ ဤ အခန်းဆက် ဝထ္ထုရှည်ကို စောင့်မျှော်ပြီး ဆက်တိုက် အားပေးကြသည့် စာဖတ်သူ အားလုံးအား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။ တဆက်တည်းမှာပင် မိမိရဲ့ မြန်မာစာ အရေးအသား အားနည်းမှုကြောင့် စာလုံးပေါင်း အမှားအယွင်းများ ရှိပါလျှင် ခွင့်လွှတ်သည်းခံပါရန် တောင်းပန်လိုပါသည်။

မိမိ ရေးသားသည့် စာများကို နောင်တွင် ဆက်လက်ဖတ်ရှုလိုပါက – မိမိရဲ့ Facebook Page ကို LIKE လုပ်ထားပါ။ စာ အသစ် ရေးတင်ပြီးတိုင်း ဖေ့စ်ဘွတ်ပေါ်တွင် အသိပေးပါမည်။

ယခု ဇာတ်လမ်းအပေါ်မှာလဲ စာဖတ်သူများရဲ့ နှစ်သက်မှု အတိုင်းအတာကို အောက်က ကြယ်ပွင့်များပေါ်မှာ နှိပ်ပြီး တုန့်ပြန်ပေးခြင်းအားဖြင့်၊ နောင် ဝထ္ထု ဇာတ်လမ်းများ ဆက်လက် ရေးသားဖို့ ကြိုးစား ဖြစ်ပါလိမ့်မည်။ စာဖတ်သူ အားလုံး ရွှင်လမ်းချမ်းမြေ့ပါစေရန် ဆုတောင်းလိုက်ပါသည်။


ကြယ်ပွင့်ပေါ်ကို နှိပ်ပြီး၊ အကဲဖြတ်ပေးနိုင်ပါသည်...
မကြိုက်ပါမဆိုးပါကောင်းပါတယ်သိပ်ကောင်းပါတယ်သိပ်ကြိုက်ပါတယ်
(စုစုပေါင်း - 17 ဦး အကဲဖြတ်ထားသည်)
Loading...

ဤ ဝထ္ထုရှည်ကို အင်တာနက်ပေါ်တွင် ဤစာမျက်နှာမှ တဆင့် ဝေဌ ဖတ်ရှု အားပေးနိုင်ပါသည်။ မဂ္ဂဇင်း (သို့မဟုတ်) စာစောင်များ စသည်တို့မှ တဆင့် ပြန်လည် ပုံနှိပ်လိုပါလျှင် စာရေးသူ၏ ခွင့်ပြုချက်ကို ဤ ဆိုဒ်မှ တဆင့် တောင်းယူပါ။ စာသားများကို ကော်ပီ သက်သက် ကူးယူ ပြန်ကပ်ပြီး၊ မဖော်ပြရန် မေတ္တာရပ်ခံပါသည်။

20 comments

စာဖတ်သူ၏ မှတ်ချက်များ

  1. ဆရာ ရသ ဗဟုသုတ များစွာ ဝေငှပေးတဲ့ စိတ်ဝင်စားစရာ ထိုင်း ကချေသည် ဝထ္ထု ဇာတ်လမ်းရှည်အတွက် ကျေးဇူးအထူးပါရှင့်။ ပီတာက လက်သည်မပေါ်အောင် အသတ်ခံလိုက်ရတဲ့သဘောပေါ့နော်။

    1

    0
  2. တနေ့ကို ၁၀ ပိုင်းပဲဖတ်မယ်ဆိုပြီးတွေးထားတာ ဘယ်လိုလုပ် အပြီးဖတ်မိသွားလည်းမသိဘူး .. ဖတ်ပြီးတော့ ပို ကိုသနားမိတယ်

    1

    0
  3. ဆရာ အောင်(Sidney)…
    အစ်ကိုရေ…..ကျွန်တော်….ဒီအပိုင်းသိပ်မရှင်းဘူးဗျာ….အပိုင်း(၅၇)က…
    ….
    ….
    (တကယ်တော့ ပီတာက ‘ပို’ ကို ရူးအောင်လုပ်တာဘဲ။ ပီတာနဲ့ မတွေ့ခင်ကဆိုရင် ‘ပို’ က ဗိနိုင်နဲ့ အလုပ်ကောင်းကောင်း လုပ်နိုင်ပြီးတော့ ငွေကောင်းကောင်းရှာနိုင်တယ်၊ အရက်သောက်တာ ဆေးချတာနဲ့ သူငယ်ချင်းတွေ အပေါ် သိပ်သဘောကောင်းလွန်းတာ ရှိပေမဲ့ ရွာကို ငွေ မှန်မှန်ပို့ပေးနိုင်တယ်။ ပီတာနဲ့ ချိတ်မိပြီး နောက်ပိုင်းတော့ ရွာကို ငွေပြန်မပို့တော့ဖူး၊ တခါ အမ် က သူ့ကိုယ်သူ သတ်သေ သွားပြန်တော့ ငါ တစ်ယောက်ထဲဘဲ အိမ်ကို ငွေပို့ ပေးနေရတယ်။ ငါ တစ်ယောက်ထဲ ကြိုးစားပြီး ငွေရှာရတယ်၊ ပိုပြီး ငွေရှာရတယ်၊ ‘ပို’ ဆီက ဘာအကူအညီမှ မရတော့ဖူး။ ပီတာက ‘ပို’ နဲ့ လက်ထပ်ပြီး ထိုင်းမှာဘဲ နေနေ၊ သြစတေးလျှကိုဘဲ ခေါ်သွားသွား၊ ဒါဆိုရင်တော့ သိပ်မဆိုးဖူးပေါ့၊ အနည်းဆုံး ‘ပို’ အနေနဲ့ မိသားစုကို ငွေပို့ပေးဖို့ ပီတာဆီက ပြောယူလို့ ရနိုင်အုံးမယ်။ အခုတော့ ပီတာက ‘ပို’ ကို သောင်မတင်ရေမကျ ထားပြီး၊ ငါတို့ တမိသားစုလုံးက ခံနေရတယ်။ ဒီ့ပြင်မှာမှ ရိုက်နှက်လိုက်သေးတယ်၊ ဒီလို ရိုက်နှက်တာတွေ၊ အသုံးချ ခံရတာတွေ အတွက် နောက်ဆုံးမှာ ‘ပို’ မခံနိုင်တော့ဘဲ သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားတာ ဖြစ်မယ်။)



    ပီတာက တော်တော်များများထောက်ပံပေးနေခဲ့တာ မဟုတ်လား…

    0

    0
    1. အရင်နေ့က အပိုင်း၂၀အထိ ဖတ်ပြီးပြီ…
      ကြားထဲမှာ မေ့နေတာ…အခုမှ ဇာတ်သိမ်းပိုင်းတွေ့လို့…ဖတ်နေတာ…သုံးနာရီလောက်ရှိတယ်…
      Like တွေ ကတော့…အခုမှ ပေါင်းပေးဖြစ်လို့..
      Noti တွေ အများကြီးတက်ရင် စိတ်မရှိပါနဲ့ဗျာ…
      ဗဟုသုတတွေ ပေးတဲ့ ဆရာ့ကိုကျေးဇူးတင်ပါတယ်

      0

      0
    2. Thet Khaing Oo နောက်ဆုံးပိုင်း – စာရေးသူ ဆိုပြီး ရေးတဲ့ အောက်မှာ တကယ့် အပြင်က – ‘ပို’ လဲ သူဌေးသမီး ဖြစ်ပေမဲ့ ဘယ်တော့မှ ငွေမလောက်တာ ပြောပြထားပါတယ်။ ဒီလိုဘဲ ငွေဘယ်လောက်ဖြစ်ဖြစ် သူတို့မှာ လောက်ဌတယ် သိပ်မရှိတတ်ကြပါဖူး၊ အထူးသဖြင့် ဆေးချ၊ အပေါင်းအသင်းတွေကို ပေးကမ်းတတ်တဲ့ ဇာတ်လမ်းထဲက ‘ပို’ အကြောင်းလဲ ပြောခဲ့ပါတယ်။ နောက်ပိုင်း ပီတာ ပေးသလောက်ဟာ – သူ့အတွက် လောက်ဌရုံလောက် ဖြစ်ပြီး သူ့အိမ်အတွက် မပေးနိုင်တော့တာ ဇာတ်လမ်းရဲ့ အလယ်ပိုင်း အခန်း – ပီတာ သြစတေးလျှ တစ်ခေါက် ပြန်တဲ့ အချိန်လောက်မှာ ပြောထားပါသေးတယ်။ – စိတ်ဝင်တစား အားပေးဖတ်ရှုတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

      0

      0
  4. May Thamine ရဲ့ ကွန်မင့်ကို မြင်ပြီး ဇာတ်လမ်း ဖတ်ရတာ ကြိုသိပြီး အရသာ ပျက်သွားလို့တဲ့ စာဖတ်တဲ့ သူတစ်ယောက် စာလှမ်းပို့လို့ ကွန်မင့်ကို ဖျက်လိုက်တာ တောင်းပန်ပါတယ်။

    0

    0
  5. ဖါတ်လို့တော့ကောင်းပါတယ်
    ပီတာသေတာသိပ်မရှင်းဘူးဗျာ

    0

    0
    1. အပိုင်း ၅၇ မှာ – ‘အို’ က ‘ပို’ ရဲ့ အိတ်ထဲကနေ ဓါတ်ပုံယူထားလိုက်တယ် ဆိုတာ၊ အပိုင်း ၅၈ မှာ ဆွမ်ချိုင်း က ‘အို’ ပေးလိုက်တဲ့ ဓါတ်ပုံနဲ့ ‘အို’ ဆီက ငွေ ဘယ်လောက် ယူခဲ့တယ် ဆိုတာတွေ လွတ်ကုန်တယ်နဲ့ တူပါတယ်။

      0

      0
  6. နားလည်ဘူး ပီတာသေတာ အစတုန်းကပီတာသတ်လို့ ပို သေတာဆို အဆုံးသတ်မှပဲရှုပ်ကုန်ပြီ ဆရာ

    0

    0
    1. ဆရာကလဲ ပီတာသေတာတုံးတိကြီး အိုသတ်တာလား ကားတိုက်တာလား ပီတာစိတ်ကူးလေးတောင်ပေါ်တော့ဘူး

      0

      0
    2. May Thamine အပိုင်း ၅၇ နဲ့ ၅၈ ကို သေချာဖတ်ကြည့်လေ အဲဒီမှာကတည်းက ပြောထားပြီးပြီလေ…

      0

      0

စာဖတ်သူ၏ မှတ်ချက် ရေးသွင်းရန်

(မှတ်ချက်ရေးသွင်းသည့်အခါ အမည်နှင့် အီးမေးလ် လိပ်စာထည့်သွင်းရန် လိုအပ်ပါသည်၊ အီးမေးလ် လိပ်စာကို အများမြင်အောင် မည်သည့်နေရာတွင်မှ ဖော်ပြမည် မဟုတ်ပါ။)

မှတ်ချက်များ ထည့်သွင်းခြင်း နှင့် ပတ်သက်၍ သတိပြုရန်