၈၈ တုန်းက အမှတ်တယ စာများရေးရန် စိတ်ကူးမိပါတယ်…

၈၈ ခုနှစ်တုန်းက ကျနော် ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ်ပါ၊ ဒါပေမဲ့ တရားဝင် ကျောင်းသားတော့ မဟုတ်ပါဖူး။ (ဘာ့ကြောင့်လဲ ဆိုတာကို နောက်ကြမှ ရှင်းပြပါ့မယ်)

ကျနော်နဲ့ ကျနော့်သူငယ်ချင်းတွေဆိုတာ – ဒုဝန်ကြီး တစ်ယောက်ရဲ့သား၊ စစ်တပ် ဆေးတက္ကသိုလ်က ပေါမောက္ခ ဆရာဝန်ကြီး တစ်ယောက်ရဲ့သား၊ ရဲမှူးကြီး တစ်ယောက်ရဲ့သား နဲ့ အထူးကု ဆရာဝန်ကြီး တစ်ယောက်ရဲ့သား တို့ ဖြစ်ကြပါတယ်။

၈၈ အရေးအခင်း စဖြစ်တဲ့ အချိန်မှာ ကျနော်တို့ အားလုံး အင်တိုက်အားတိုက် ရှိခဲ့ကြပါတယ်။ ဒါ့ကြောင့်လဲ အရေးအခင်းပြီးတဲ့ အခါ အဲဒီ အရာရှိကြီးများမှာ ပေါမ္မောခ ဆရာဝန်ကြီး တစ်ယောက်မှလွဲ၍ အကုန် ပြုတ်ကုန်ကျပါတယ်။

အဲ…. ကျနော့် အဖေလဲ အပါအဝင်ပေါ့ – ကျနော့် အဖေက ဦးနေဝင်းရဲ့ ပါတီဌာနချုပ်ကပါ…။

အဲဒီတုန်းက အတွင်းစကား ကြားရတာတွေဟာ ကောလဟာလ လား၊ အမှန်လားတော့ မသိပါဖူး။ ကျနော်တို့ အဖေတွေ အိမ်မှာ ပြောတဲ့ စကားတွေကို ကျနော်တို့ ခိုးနားထောင်ပြီး၊ သူငယ်ချင်းတွေ စုံတဲ့ အခါ ပြောဖြစ်ကြတာပါ။ ဒါပေမဲ့ အဲဒီ ကောလဟာလ တွေကို ဒီနေ့ခေတ်နဲ့ ပြန်ကြည့်ရင် အင်မတန်ကို တိုက်ဆိုင်နေလွန်းပါတယ်။ ဒါ့ကြောင့် (၈၈)က ကျနော်တို့ ပြောခဲ့ကြတဲ့ ကောလဟာလများ လို့ ခေါင်းစဉ်ပေးပြီး ဆောင်းပါး တပုဒ် အခန်းဆက်နဲ့ ရေးသွားမယ် စိတ်ကူးကြည့်ပါတယ်။

78 comments

အခြားဖတ်စရာများ -

စာဖတ်သူ၏ မှတ်ချက်များ

  1. လွန်ခဲ့တဲ့၃နှစ်လောက်တည်းက blogပေါ်ကဆရာ့စာတွေကိုအားပေးနေသူပါ

    0

    0
  2. likeပေးပြီးပြီ ကိုယ့်ညီက တိတိကျကျ မှန်မှန်ကန်ကန်ရေးပေတော့

    0

    0

စာဖတ်သူ၏ မှတ်ချက် ရေးသွင်းရန်

(မှတ်ချက်ရေးသွင်းသည့်အခါ အမည်နှင့် အီးမေးလ် လိပ်စာထည့်သွင်းရန် လိုအပ်ပါသည်၊ အီးမေးလ် လိပ်စာကို အများမြင်အောင် မည်သည့်နေရာတွင်မှ ဖော်ပြမည် မဟုတ်ပါ။)

မှတ်ချက်များ ထည့်သွင်းခြင်း နှင့် ပတ်သက်၍ သတိပြုရန်