၈၈ က ကျနော်တို့ ပြောခဲ့ကြတဲ့ ကောလဟာလများ (၂)

ကျနော်တို့ အဖေတွေက အဲဒီ ခေတ်အခါမှာ ပေါက်ပေါက်ရောက်ရောက် ရှိကြတဲ့ ‘လူကြီး’ တွေ ဆိုတာကို ပြောထားခဲ့ ပြီးပါပြီ။ ဒီအခါ စာဖတ်တဲ့သူ အချို့က ကျနော်တို့ အပြင်လူတွေ ဖက်က မြင်ကြသလို၊ ကျနော်တို့ရဲ့ အဖေတွေကို – အဖေကြီး ဦးနေဝင်းရဲ့ သားလေးတွေ လို့ မြင်ကြပါလိမ့်မယ်။

၈၈ က ကျနော်တို့ ပြောခဲ့ကြတဲ့ ကောလဟာလများ (၁)

အဲဒီ အချိန်က မြန်မာနိုင်ငံသား တစ်ယောက်ဟာ နိုင်ငံခြားမှာ ကျောင်းသွားတက်ခွင့် မရှိပါဖူး။ ဒီတော့ ပါ့စ်ပို့ လျှောက်တဲ့ အခါမှာ အလုပ်သွားလုပ်ဖို့ ဆိုပြီး ‘ညာ’ လျှောက်ရပါတယ် (ဦးနေဝင်းခေတ်မှာ မညာရင် အရာရှိကြီးတွေကိုယ်တိုင် ဘယ်သူမှ ဘာမှ လုပ်လို့ မရကြပါဖူး၊ ဒါ့ကြောင့် ဇာဂနာ က အဲဒီခေတ်မှာ လွှတ်တော် ဝန်ကြီးတွေ ခေါင်းပေါင်းစ ဘယ်ချသလား၊ ညာချသလား ဆိုတဲ့ ပျက်လုံးနဲ့ နာမယ်ကြီးခဲ့ပါတယ်)။

သြစတေးလျှရဲ့ ပညာရေးကို မျှော်မှန်းမယ် ဆိုရင်…

မြန်မာပြည် အတန်းကျောင်း တက်ခဲ့စဉ်က စတုတ္ထတန်းမှာ မိဘကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ် စတဲ့ ကျင့်ဝတ်များကို ကဗျာစပ်ဆိုထားတဲ့ ကဗျာများ အလွတ်ကျက်မှတ်ခဲ့ရတာက လွဲပြီး၊ ဒီ့ပြင် လူ့ကျင့်ဝတ်နဲ့ ပတ်သက်လို့ တက္ကသိုလ် ပထမနှစ်ရောက်တဲ့ အထိ မယ်မယ်ရရ ဘာမှ မှတ်သားခဲ့ရတာ မရှိပါဖူး။

လူသားပြတိုက်

အဲဒီ အထဲမှာ ထူးခြားတာကတော့ – မြန်မာပြည်က စစ်ဘေးဒဏ်ကြောင့် ရှောင်ပြေးလာကြရတဲ့ ဒုက္ခသည် ကရမ်း လူမျိုးများ ထားတဲ့ ကရမ်းရွာဟာ လူများကို တိရိစ္ဆာန်များလို ခြံဝန်းခတ်ပြီး ပြတဲ့ နေရာ တစ်ခုပါဘဲ။ တနေကုန် လည်ပတ်အပြီး နောက်ဆုံး ကရမ်းရွာကို ရောက်ခဲ့တဲ့ အခါမှာ- အခြား တိရိစ္ဆာန် ရွာများ ဝင်သလိုပင် ဝင်ကြေးပေးရပါတယ်။

မင်းကလဲ မင်း၊ ငါကလဲ ငါ

ဤဝထ္ထုတိုသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ခဲ့ပြီး၊ ခင်မင်ရင်းနှီးခဲ့သော မြန်မာပြည်က ရွှေ့ပြောင်း အလုပ်သမ ကရင်မလေး တစ်ယောက်နှင့် စာရေးသူရဲ့ အဖြစ်အပျက်ကို အဖြစ်မှန်အတိုင်း ပြန်လည် ရေးသား တင်ပြခြင်းဖြစ်ပါတယ်။ စာရေးသူနှင့် ရွေ့ပြောင်း အလုပ်သမလေးတို့ ခင်မင်ရင်းနှီးကြပြီးနောက် အတူတူ အားလပ်ရပ် ခရီးတစ်ခု ထွက်ကြရာမှ မထင်မှတ်သည့် ဆက်ဆံရေးသို့ ပြောင်းလဲသွားရသည့် အကြောင်းကို အဖြစ်မှန်အတိုင်း ရေးသား တင်ပြထားပါသည်။

စစ်ဒနီမြို့ သတင်းကျွတ် ပွဲခင်းမှာ-

ပွဲမှာ အာရှက အစားအသောက် အစုံအလင် – အထူးသဖြင့် ခေါက်ဆွဲမျိုးစုံတို့ကို တစ်မျိုးမှ မလှစ်ကျန်စေရအောင် ထည့်သွင်း ရောင်းချနေတယ်လို့လဲ ဆိုပါတယ်။ ဒါနဲ့ တစ်ခါက မြန်မာအစားအစာ ဆိုပြီး ရှမ်းခေါက်ဆွဲကို လိုက်ကျွေးလို့ စားဖူးသူက မြန်မာ ခေါက်ဆွဲဆိုင်ကို ရှာရအောင်လို့ ဆိုလာခဲ့ပါတယ်။

မိမိနဲ့ ဆရာကြီးများ

ဒီအခါ ကျောင်းနေဖက် သူငယ်ချင်း အရင်းတစ်ယောက်ကို သွားသတိရမိ ခဲ့ပါတယ်။ သူက အဲဒီတုန်းမှာ မြန်မာပြည်ရဲ့ နာမည် အကြီးဆုံးလို့ ဆိုရမဲ့ တီးဝိုင်းမှာ ဒရမ် တီးနေသူဖြစ်ပါတယ်။ သူ့အဖွဲ့မှာဘဲ မိမိနဲ့ အတန်း မတူသော်လည်း တစ်ကျောင်းတည်းထွက် သူမှာလဲ မြန်မာပြည်ရဲ့ ရော့ခ် နာမည်ကြီး အဆိုတော်ကြီး ဖြစ်နေပါတယ်။ ဒါနဲ့ဘဲ မိမိလည်း မိမိရဲ့ အကြံအစဉ်ကို သူတို့ရဲ့ အကူအညီနဲ့ အကောင် အထည် ဖော်ရင်ဖြင့် အောင်မြင်လိမ့်မယ် မျှော်လင့်ကာ သူတို့အား အဆက်အသွယ် ပြုခဲ့ပါတယ်။