ထိုင်း ကချေသည် (အပိုင်း-၅၉)

နောက်လ ဆိုရင် ‘အို’ လဲ ဗီဇာကျပြီမို့လို့ အမေရိကားကို ရောက်လာတော့မယ်၊ ‘ပို’ ကိုပါ တပါတည်း ခေါ်ခဲ့ဖို့နဲ့ သူ့အတွက် ဗီဇာကို ဒီကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပို့ပေးပြီး လျှောက်ခိုင်းလိုက်ပြီ။ သူတို့ နှစ်ယောက်လုံး အတွက် အင်္ဂလိပ်စာ သင်တန်းကျောင်းနဲ့ အလုပ်သင် သင်တန်း ဝင်ခွင့်ရထားပြီးပြီမို့လို့ ‘ပို’ အတွက် ဗီဇာ အခက်အခဲမရှိဘဲ၊ သူတို့ ညီအမ နှစ်ယောက် အတူတူ ရောက်လာကြဖို့ သေချာတယ်။

ထိုင်း ကချေသည် (အပိုင်း-၅၈)

ထိုင်းနိုင်ငံဟာ နိုင်ငံခြားသားတွေကို လူမွဲဖြစ်သွားအောင် လုပ်တတ်တယ် ဆိုတာ ပီတာ သိလာတော့မယ်။ ထိုင်းနိုင်ငံဟာ မိန်းမပျိုတွေ၊ ပေါများတဲ့ အစားအသောက် တွေ၊ အပြုံးတွေ၊ အလှအပတွေ နဲ့ ဆွဲဆောင်ပြီး နောက်ဆုံးတော့ ဒါတွေဟာ သဲကန္တာရ ထဲက တံလျှပ်လိုဘဲ တကယ် ထိတွေ့ ပိုင်ဆိုင်လို့ မရတာကို သိတဲ့ အချိန်မှာတော့ နောက်ကျသွားတတ်ကြတယ်။

ထိုင်း ကချေသည် (အပိုင်း-၅၇)

ဟီရိုရင်း သုံးတဲ့ မိန်းကလေးတွေကိုတော့ မိန်းမထိန်းက ဆေးထိုးအပ် မသုံးဖို့ ပြောတယ်။ ဆေးထိုး အပ်ရာတွေနဲ့ ကချေသည် တစ်ယောက်ကို ဘယ်လို ဧည့်သည်မျိုးက ကြိုက်ပါ့မလဲ? ဒါ့ကြောင့် ဆေးထိုးအပ် သုံးတဲ့ မိန်းကလေးတွေက သူတို့ ခြေထောက်ရင်းနားကနေ ထိုးကြတယ်၊ ဒါကိုတော့ ငါတို့ လွှတ်ထားတယ်။

ထိုင်း ကချေသည် (အပိုင်း-၅၆)

ရုတ်တရက် ကြောင်သွားတယ်၊ ထွန်းထွန်းဟာ အေးအေးဆေးဆေးနဲ့ စီးပွားရေး သမားပီပီ စကားကို ချိုချိုသာသာ ပြောတတ်တဲ့ လူတစ်ယောက်ပါ။ အခုလို တဲ့တဲ့ ပြတ်ပြတ်နဲ့ အစမရှိဘဲ ပြောလိုက်တာကြောင့် ဘာကို ဆိုလိုတယ် နားမလည်လို့ – “မင်း ဘာအဓိပ္ပါယ်နဲ့ ပြောတာလဲ?” ဆိုပြီး ပြန်မေးလိုက်တယ်။

ထိုင်း ကချေသည် (အပိုင်း-၅၅)

ထွန်းထွန်းနဲ့ တွေ့ပြီး စကားပြောတော့ ဒေါက်တာ ဒေးဗစ် သူ့ဆီကို ဖုန်းဆက်တဲ့ အကြောင်းနဲ့ ငါ့ဆီကို အရေးကြီးတဲ့ စာတစ်စောင် စာတိုက်ကနေ မှတ်ပုံတင် ပို့လိုက်တဲ့ အကြောင်း ပြောပြတယ်။ ဒီလို စာတိုက်ကနေ မှတ်ပုံတင်စာ ပို့လိုက်တယ် ဆိုတာ တစ်ခုခု တရားဝင် အကြောင်းကြားစာမျိုး ဖြစ်မယ် ဆိုတာ သတိပြုမိလိုက်တယ်။

ထိုင်း ကချေသည် (အပိုင်း-၅၄)

အကြောင်းရင်းကို ကြည့်လေ… ဒါဟာ တဏှာရာဂ ကိစ္စဘဲ၊ မိန်းကလေး အများစုဟာ ၁၃ နှစ် အပျိုဖော် ဝင်စကပင် သူတို့ရဲ့ အဖေ၊ ဒါမှ မဟုတ် အကို၊ ဒါမှ မဟုတ် အကိုရဲ့ သူငယ်ချင်းတွေနဲ့ အပျို ဘဝ ဆုံးရှုံးကြရတယ်၊ သူတို့ရဲ့ ပတ်ဝန်းကျင် မှာကလဲ ခွေးတွေ၊ ဝက်တွေ၊ ကျွဲတွေ နွားတွေ မိတ်လိုက်ကြတာကို နေ့စဉ် မြင်တွေ့နေကြရတယ်၊

ထိုင်း ကချေသည် (အပိုင်း-၅၃)

ဒီနေ့ည ရွာက ပြန်ရောက်ရောက်ချင်း နာနာပလာဇာဖက်ကို ဝင်လာတဲ့ အခါ ဒါလ်နဲ့ ကက် အပြင်က ပြန်လာတာကို တွေ့လိုက်တယ်၊ သူတို့နဲ့ လမ်းထိပ်မှာ ဆံပြုတ်အတူသောက်ရင်း ဘယ်က ပြန်လာကြတာလဲ မေးကြည့်တော့ နင် သူတို့ကို အပြင်ကြေးပေးပြီး ခေါ်သွားတယ် ဆိုတာ ပြောပြတယ်၊ နောက် သူတို့ကိုလဲ ပိုက်ဆံတွေ အများကြီးပေးလိုက်တယ် လို့ ပြောတယ်…၊ ဒါလ်က ခြောက်ထောင်တောင် ရတယ် ပြောတယ်၊ ဘာဖြစ်လို့လဲ ပီတာ…?

ထိုင်း ကချေသည် (အပိုင်း-၅၂)

‘ပို’ က ငါ ပီတာနဲ့ အတူ အိပ်တဲ့ အတွက် ငါ့ကို ဘာလုပ်မလဲ၊ ဘာပြောမလဲ ဆိုတာကိုတော့ မစိုးရိမ်ပါဖူး။ ငါက ပီတာ ဆီက ပိုက်ဆံရဖို့ အတွက် သူနဲ့ အတူ အိပ်တယ် ဆိုတာ ‘ပို’ နားလည်မှာပါ။ ပိုက်ဆံ အတွက် စဉ်းစားပါ ဆိုတာ ‘ပို’ ပြောထားတဲ့ စကားဘဲ၊ ငါလဲ ဒီလိုစဉ်းစားပြီး လုပ်တာဘဲ၊ ပိုက်ဆံ အတွက်ဘဲ…။

ထိုင်း ကချေသည် (အပိုင်း-၅၁)

‘အို’ က ငါ့မျက်လုံးကို သေသေချာချာ ကြည့်ပြီး၊ စိတ်ထဲက ခံစားချက် အပြည့်နဲ့ “ရော်ဂျာ…၊ ငါ နင့်ကို ချစ်တယ်၊ နင့် တစ်ယောက်ထဲကို ဘဲ…၊ ငါ နင့်အတွက် ဇနီးမယားကောင်း ဖြစ်ရမယ်၊ ငါ နင့်ကို ဂရုစိုက် ပြုစု စောင့်ရှောက်မယ်၊ ငါ နင့်ကို တသက်လုံး ချစ်သွားမယ်” လို့ ပြောခဲ့တယ်။

ထိုင်း ကချေသည် (အပိုင်း-၅၀)

‘အို’ ရဲ့ အဒေါ် ဆိုတဲ့ အသက် ၅၀ ကျော်လောက် ရှိမဲ့ အမျိုးသမီးကြီး တစ်ယောက်က ‘အို’ ကို နှိပ်နယ်ပေးပြီး၊ ‘အို’ အိပ်ပျော်သွားတဲ့ အခါ ငါ့ကို ဆက် နှိပ်နယ်ပေးတယ်။ သူနှိပ်နယ်တာ အင်မတန်ခံရဆိုးပြီး သက်သက်သာသာ မရှိပေမဲ့ သူ့ကို ဆက်မနှိပ်ပါနဲ့၊ ရပ်ပါတော့လို့ ပြောဖို့ရာ မကောင်းတတ်တာကြောင့် အိပ်ပျော်သွားချင်ယောင် ဆောင်နေလိုက်တယ်။