ထိုင်းကချေသည် ဇာတ်လမ်း (အမှာစာ)

ဤဝထ္ထုမှာ အချို့စာဖတ်သူများ အတွက် စိတ်အနှောက်အယှက် ဖြစ်နိုင်မည် ဖြစ်ကြောင်းနှင့် အသက် ၁၈ နှစ်အောက် ဖတ်ရှုရန် မသင့်သော ဝထ္ထု ဇာတ်လမ်း ဖြစ်သည့် အကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

ထိုင်း ကချေသည် (အပိုင်း-၁)

“သူသေ သွားပြီ…. ‘ပို’ သေသွားပြီ”၊ “ငါသူ့ကို သတ်လိုက်တယ်…. အခု ‘ပို’ သေသွားပြီ”၊ ငါ ဒီကောင်မလေးကို သတ်မိလိုက်လိမ့်မယ် လို့ ငါ့ကိုယ်ငါ မယုံနိုင်ဖူး၊ အခု ငါဘာဆက်လုပ်ရတော့မလဲ ဆိုတာ မသိတော့ဖူး၊ ဒီကောင်မလေး မရှိဘဲနဲ့ ငါဘာဆက်လုပ်မလဲ?

ထိုင်း ကချေသည် (အပိုင်း-၂)

မြင်မြင်ချင်း ချစ်မိတယ် ဆိုတာမျိုး မဟုတ်ရင်တောင်- တော်တော်တော့ နီးစပ်တယ်လို့ ပြောရမယ်၊ သူ့လို ဆံပင် ပုတုန်းရောင်၊ ခါးအထိ ကျတဲ့ မိန်းကလေးမျိုး ဒီခေတ်မှာ တော်တော် ရှားရှားပါးပါးဘဲ၊ သူ့အပြုံးနဲ့ မျက်လုံးက အသဲကို အရေပျော်လောက်တယ်၊ သူ့ပေါင်တံက တော့ ပြောမနေနဲ့ သေလောက်တယ်။

ထိုင်း ကချေသည် (အပိုင်း-၃)

ပထမတော့ ကောင်မလေးက အံ့အားသင့်သွားတယ်- သူက ငါ့ကို အစက ထိုင်းလူမျိုး ထင်နေလို့၊ “မဟုတ်ဖူးလား” မေးတော့ – “မဟုတ်ဖူး ငါက မြန်မာလူမျိုး ဒါပေမဲ့ သြစတေးလျှမှာ နေပြီး အဲဒီက လာတာပါ” လို့ အင်္ဂလိပ် လို ပြန်ပြောတော့ သူလဲ လက်ကမ်းပေးပြီး လက်ဆွဲနှုတ်ဆက်ရင်း ငါ့နံဘေးမှာ ဝင်ထိုင်လိုက်တယ်။

ထိုင်း ကချေသည် (အပိုင်း-၄)

သူ့ကို တွေ့တွေ့ချင်းဘဲ ပြုံးပြီး လက်ပြလိုက်တော့ သူကလဲ ငါ့ကို တွေ့သွားတယ်။ သူ စင်ပေါ်မှာ က နေတာကို ဘီယာ တစ်ခွက်သောက်ပြီး စောင့်နေ လိုက်တယ်။ ခါတိုင်း အတိုင်းဘဲ အဝတ်မပါ ကိုယ်လုံးတီးနဲ့ ခါးမှာ ပုဝါစ အပါးလေး ပတ်ထားပြီး သူ အနားကို ရောက်လာတဲ့ အခါ – ငါ့ကို အားပါးတရ ဖက်ပြီး ပါးကို နမ်းပါတော့တယ်။

ထိုင်း ကချေသည် (အပိုင်း-၅)

‘ပို’ ဟာ တကယ်တော့ ပြည့်တန်ဆာ ဘဲ၊ သူ့ ဘဝ ရပ်တည်နေနိုင်ဖို့ သူဒီအလုပ် လုပ်နေရတယ်၊ သူဟာ ငါ့ ရည်းစားလဲ မဟုတ်ဖူး၊ ဘာမှလဲ မဟုတ်ဖူး။ ဒါကို ငါနားလည်တယ်။ ဒါပေမဲ့ သူ့ကို ငါ လာတိုင်း ဖျော်ရည်တိုက်တယ်၊ အပြင်ခေါ်တယ်၊ ဘတ် ၁၅၀၀ ပေးတယ်၊ တစ်ခါ တစ်လေ သူလိုအပ်ရင် ပိုပေးတယ်၊ အဲဒီတော့ – သူ့အနေနဲ့ အခြား ယောက်ျားတွေနဲ့ မသွားတော့ဖူး လို့ ငါ တွက်တာပေါ့။

ထိုင်း ကချေသည် (အပိုင်း-၆)

‘ပို’ အတွက် မွေးနေ့ လက်ဆောင် ဆိုပြီး အသည်းပုံနဲ့ ချိတ်ထားတဲ့ လက်ကောက် ဟမ်းချိန်း တစ်ခု ဘတ်ငွေ တစ်သောင်းလောက်နဲ့ ဝယ်ပြီး သူ့ကို ပေးလိုက်တော့၊ သူက အင်မတန် ဝမ်းသာတဲ့ မျက်နှာဖြစ်ပြီး ငါ့ကို ပြန်သိမ်းထားပြီး နောက် မွေးနေ့ပွဲ လူတွေ အရှေ့ရောက်မှ လူတိုင်း မြင်အောင် ပေးဖို့ ပြောတာနဲ့ ပြန်သိမ်းထားလိုက်တယ်။

ထိုင်း ကချေသည် (အပိုင်း-၇)

ငါ့မွေးနေ့ လာတဲ့ လူတွေ အင်မတန် စိတ်ဝင်စားတာက- ဒီမွေးနေ့ ပွဲ စုစုပေါင်း ဘယ်လောက် ကုန်သလဲ၊ ပီတာက ဘယ်လောက် ဝင်ငွေ ရှိသလဲ…? ပီတာက တနှစ်ကို ထိုင်း ဘတ်ငွေ ၂ သန်းကျော်လောက် ဝင်ငွေ ရှိတယ်လို့ သူတို့ကို ပြောပြတော့ သူတို့က မြန်မာ တစ်ယောက် ဖြစ်ပြီး အဲသည်လို သုံးနိုင် ဖြုန်းနိုင်တယ် ဆိုတော့ အရမ်း အံ့သြကြတယ်။

ထိုင်း ကချေသည် (အပိုင်း-၈)

သူ့ကိုယ် အနံ့ကတော့ တစ်ပတ်လောက်ရေမချိုးရသေးတဲ့ အနံ့မျိုး၊ သူ့လက်မှာရော လည်ပင်းမှာပါ ရွှေကြိုး အထူကြီး ဝတ်ထားတယ်၊ လက်က ရွှေကြိုးက သူငါ့ကို ပေးလိုက်တဲ့ တစ်ခုဘဲ၊ ဒီတော့ ငါထင်တာ… သူ တော်တော် ချမ်းသာတဲ့ လူကြီးဘဲ လို့။

ထိုင်း ကချေသည် (အပိုင်း-၉)

တစ်ညမှာ ‘ပို’ ဆီကို ရောက်တဲ့ အခါ သူ့လက်ဖျံမှာ အပြတ်ရာ အနီစင်း ၃ချက်ကို ၁၀ ပေလောက် အကွာကပင် လှမ်းတွေ့ လိုက်ရတယ်၊ ‘ပို’ ကတော့ ငါ့ကို တွေ့တွေ့ချင်း ပြုံး နှုတ်ဆက်ပြီး သူ့အလှည့် ကလို့ ပြီးပြီးချင်းမှာပင် ငါ့အနားကို ပြေးလာထိုင်တယ်။